မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ (၁၈၄)ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၈-၉)ရက်များတွင် Zoom application ဖြင့် ပြုလုပ်ခဲ့ရာ အသင်းချုပ် ဥက္ကဌကြီးများဖြစ်သော Rev. Dr. စောဆမ်ဆန်၊ Rev. စောစမ်စန်၊ Rev. Dr. အေးနွယ်တို့ က ဦးဆောင်၍ အသင်းချုပ် အရာရှိများဖြစ်သော အထွေထွေ အတွင်းရေးမှူး Rev. Dr. ထန်ကျင့်လျန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး Rev. Dr.ေရာဘတ်ပွန်း၊ ဘဏ္ဍာထိန်း ဆရာမ နန်းသူဇာမွန်၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များ၏ ဥက္ကဌများ နှင့် အထွေထွေ အတွင်းရေးမှူးများ၊ ကိုယ်စားပြု ကော်မတီ ဝင်များ၊ တာဝန်ရှိသော အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းချုပ်ဌာန(၁၂)ခုမှ တာဝန်ခံများနှင့် သဘာပတိများ၊ ၈၃.၇၅ ရာခိုင်နှုန်း တက်ရောက်ပါဝင်ခဲ့ကြပါသည်။