သာသနာပြုခြင်းနှင့်ဆက်သွယ်ရေး
စက်တင်ဘာ 8, 2023
(၄၄)ကြိမ်မြောက် မုတ်သုံ သမ္မာ ကျမ်းစာ သင်တန်း ပိတ်ပွဲ အစီအစဉ်
စက်တင်ဘာ 9, 2023

ရှမ်းအဖွဲ့ချုပ်(အရှေ့ပိုင်း)၊ အာခါအဖွဲ့ချုပ်၊ လားဟူအဖွဲ့ချုပ်၊ ဧ/သ ဌာနနှင့် မြန်မာ နိုင်ငံနှစ်ခြင်း ခရစ်ယာန် အသင်းချုပ်၊ ဧ/သဌာနတို့ ပူးတွဲပြုလုပ်သော ရွှေပြည် မြန်မာ နှစ်ခြင်း သာသနာ အလုပ်ရုံ ဆွေးနွေးပွဲအား ရှမ်းပြည်နယ်၊ ကျိုင်းတုံ မြို့တွင် တည်ရှိသော လားဟူ အဖွဲ့ချုပ်ရုံး၌  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၅-၆) ရက်များတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

အသင်းချုပ်မှ တွဲဖက် အထွေထွေအတွင်းရေးမှုး၊ Rev. Dr. Robert Pun ၊လက်ထောက် တာဝန်ခံ၊ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုးများ၊ ဧ/သဌာန တာဝန်ခံ၊ ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊၊ နယ်အဖွဲ့ ဧ/သ တာဝန်ခံများ၊ ရွှေပြည် မြန်မာ ကွင်းမှ ဧဝံဂေလိ သာသနာပြုများ အခြား တာဝန်ရှိသူများ စုစုပေါင်း (၈၀)ဦး ခန့် ပါဝင်ပြီး ဆွေးနွေး ဆုံးဖြတ်ချက် များဖြင့် အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပါသည်။

အဖွဲ့ချုပ်များမှ စေလွှတ် ထားသော သာသနာ ကွင်းများစွာမှ ရွှေပြည်မြန်မာ သာသနာ အတွင်း စာရင်းဝင်သော သာသနာ ကွင်းများ၏ လက်ရှိ အခြေအနေများ၊ ရွှေပြည်မြန်မာနှစ်ခြင်း သာသနာ ကျေးဇူးတော် ချီးမွမ်းခြင်း အစီအစဉ်များ၊ အဖွဲ့ချုပ် များ၏ အနာဂတ် သာသနာ အကြောင်းများအား ဆွေးနွေး ခဲ့ကြပါသည်။

အစီအစဉ်အား ကောင်းမွန်စွာ လက်ခံပေးသော လားဟူ နှစ်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိ လူကြီးများ၊ အဖွဲ့ချုပ် ဧ/သဌာနများ နှင့် တာဝန်ခံများ အပေါ်တွင်လည်း ကောင်း၊ အစစအရာရာ တာဝန်ယူ ပေးသူများအားလုံးကို အထူး ကျေးဇူးတင် ရှိပါ သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်