မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ အမျိုးသားဌာနမှ ဦးဆောင်၍ နှစ်စဥ် ကျင်းပမြဲ ဖြစ်သော မုတ်သုံ သမ္မာကျမ်းစာ သင်တန်းကို (၄၄)ကြိမ်မြောက်အဖြစ် ယခုနှစ်တွင် ဇွန်လမှစ၍ တစ်လ တစ်ကြိမ် ကျင်းပခဲ့ရာ မုတ်သုံသမ္မာ ကျမ်းစာ သင်တန်း ပိတ်ပွဲအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်၊ စနေနေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။ သမ္မာကျမ်းစာ သင်ကြားခြင်းကို Rev. နန်းစံလှိုင်းက ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံစေသော အသင်းတော် (ဟေရှာယ ၅၃:၁၀၊ မ ၆:၁၀၊ ယော ၆:၂၈၊ ဖိ ၃:၁၄) အဓိက အချက်ဖြင့် သင်ကြားပေးခဲ့ပါသည်။