နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ရုံးဝန်ထမ်းများတွေ့ဆုံခြင်း
မေ 29, 2023
အနာဂတ် (၁၅)နှစ် စီမံကိန်းရေးဆွဲခြင်းအစီအစဥ်
ဇွန် 23, 2023

လူမျိုးစုနှင့် ‌ဒေသန္တရအဖွဲ့ချုပ် (၁၈)ဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်သော အသင်းတော်(၂)ပါးနှင့် ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ (၁၈၅)ကြိမ်မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေးကို ကိုဗစ်ကာလအလွန် ပထမဆုံး အကြိမ် လူတွေ့အစည်းအဝေး အဖြစ် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၆-၉)ရက်များတွင် နေ့စဥ် နံနက်(၇:၃၀)နာရီမှ(၄:၃၀)နာရီအထိ နှစ်ခြင်းအသင်းချုပ် ကူရှင်ခန်းမ၌ ပြု လုပ်ကျင်းပခဲ့ရာ လူမျိုးစုနှင့် ‌ဒေသန္တရ အဖွဲ့ချုပ်မှ ဥက္ကဌများ၊ အထွေထွေ အတွင်းရေး မှူးများ၊ မြန်မာနိုင်ငံ ဓမ္မ တက္ကသိုလ်ကျောင်းအုပ်ကြီး နှင့် အမှုဆောင်အဖွဲ့ဝင် ကိုယ်စားလှယ်တော်များ တက်ရောက် ပါဝင်ခဲ့ပါသည်။

ဥက္ကဌကြီးက အမှာစကားပြောကြားရာ၌ “မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်အနေဖြင့် (၁၈၅)ကြိမ်‌ မြောက် အမှုဆောင်အဖွဲ့အစည်းအဝေးကို လာရောက်ကြသော လူမျိုးစုနှင့်‌ဒေသန္တရအဖွဲ့ချုပ်များမှ အထွေထွေ အတွင်းရေးမှူး များနှင့် ကိုယ်စားလှယ်များ အားလုံးကို ကျေးဇူးတင်ကြောင်း၊ နှစ်ခြင်းအသင်းချုပ်ရုံး၌ ရှိသော အရာရှိများ၊ ဌာန တာဝန်ခံများ၊ သဘာပတိများနှင့် လုပ်ဖော်ဆောင်ဖက်များ အားလုံးကလည်း ဘုရားသခင်၏ နာမတော်၌ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပထမဦးစွာ ပြောကြားခဲ့ပါသည်။ ယနေ့ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် သာသနာကို ယနေ့ထိတိုင် လမ်းပြပို့ဆောင်သော ဘုရားသခင်ကို ကျေးဇူး တော်ချီးမွမ်းကြောင်း၊ ခေတ်စနစ်များ ပြောင်းလဲနေသည့် အနေအထားတွင် အမှုတော်လုပ်ငန်းကို ဆက်လက်ပြီး လုပ်ဆောင်ခွင့် ရ ခြင်း၊ အထူးသဖြင့် လက်ရှိ ကြုံတွေ့ နေရသော အရာများထဲမှ မနက်ဖြန် မည်သို့ဖြစ်မည်ဆိုသည်ကို မသိသော်ငြားလည်း မနေ့ ယနေ့ နောင်ကာလ ပိုင်သ အုပ်စိုးသောဘုရားကို သိကျွမ်းရခြင်း၊ အမှုတော်မြတ်ထဲမှာ အစေခံခွင့် ရခြင်းအတွက်လည်း  ဂုဏ်တော်ကို ချီးမွမ်းကြောင်း၊ မဿဲ ၂၄း၁-၁၄ တွင် ဖော်ပြထားသကဲ့သို့  နောက်ဆုံးသောအချိန်တွင် ဖြစ်ပျက်မည့်အရာများကို ယနေ့ အားလုံး တွေ့ကြုံခံစားနေရကြောင်း၊ သို့သော် ဘုရားသခင်ရဲ့ ဝမ်းမြောက်ဖွယ် သတင်းကို လောကီ နိုင်ငံ အရပ်ရပ်တို့၌ ဟောကြားရပြီးသည့်နောက်မှ အဆုံး ရောက်မှာဖြစ်ကြောင်း၊ ဤကဲ့သို့ အနေအထားတွင် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းနိုင်ခြင်း၊ ကျေးဇူး တော် ချီးမွမ်း နိုင်ခြင်းသည် မနေ့ ယနေ့ နောင်ကာလကို သိသော ဘုရားသခင်၏ အမှုတော်ကို ဆောင်ခွင့် ရသည့် ကြောင့်ပဲ ဖြစ်ကြောင်း၊ အမှုတော်ဆောင်သည့်ကဏ္ဍ အသီးသီးတွင် ယခု အစည်းအဝေးမှာ ပါဝင်ကြသော ကိုယ်စားလှယ် တစ်ယောက်ချင်းစီ သည်လည်း တစ်ယောက်နှင့် တစ်ယောက် ခွန်အားပေးခြင်း၊ ကူညီ မစခြင်းဖြင့် အစည်း အဝေး တွင် ပါဝင်သော အရာများ ကို အကောင်အထည် ဖော်ပြီး၊ တစ်ဦးနှင့် တစ်ဦး သက်ဆိုင်သည့် အဖွဲ့ချုပ်၊ အသင်း‌တော်များ၏ အကျိုးကို ကြည့်ပြီး လုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ခြင်းအသင်းချုပ် ဆောင်ပုဒ်ဖြစ်သော ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံ စေသော အသင်းတော် ဆိုသည်နှင့်အညီ ကိုယ်စား လှယ်များအနေဖြင့် အသင်းချုပ်၊ အဖွဲ့ချုပ်နှင့် အသင်းတော် များ တွေ့ကြုံနေရသော အကြောင်း အရာ များကို ယခင်ကလည်း လုပ်ဆောင်ပြီး ခဲ့သလို၊ အနာဂတ်တွင်လည်း ဆက်လက် လုပ်ဆောင်ရမည့် အရာများ ကို အားရ ပါးရ ပါဝင်ဆွေးနွေးလျက် အမှုတော်မြတ်ထဲတွင် ပါဝင်ကြဖို့ ဖြစ်ကြောင်း ခွန်အားပေး တိုက်တွန်းခဲ့ ပါသည်။

နံနက်တိုင်း ၀တ်ပြုခြင်းအစီအစဥ်ဖြင့် စတင်ခဲ့ရာ ပထမနေ့တွင် တီးတိန်အဖွဲ့ချုပ် အထွေထွေ အတွင်း ရေးမှူး Rev. Thang Suan Ngin ၊ ဒုတိယနေ့တွင် ရှမ်းနှစ်ခြင်းအဖွဲ့ချုပ်(ရှမ်းအရှေ့) အထွေထွေ အတွင်းရေးမှူး Rev. တင်နိုင်ဝင်း၊ တတိယနေ့တွင် အာခါနှစ်ခြင်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဆရာသာဒင်၊  စတုတ္ထ နောက်ဆုံးနေ့တွင် မွန်နှစ်ခြင်း အသင်း‌တော်များအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဆရာမ မိတိုးတိုးအေးတို့က နှစ်ခြင်းအသင်းချုပ်၏ ယခုနှစ် အဓိက အချက်အဖြစ်သော “ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံစေခြင်း” ခေါင်းစဥ်ဖြင့် ဒေသနာဝေငှ ခဲ့ကြပါသည်။

အထွေထွေ အတွင်းရေးမှူး အစီရင်ခံစာ၊ ဘဏ္ဍာထိန်း၏ အစီရင်ခံစာ၊ ဌာနအသီးသီးမှ တာဝန်ခံများ၏ အစီရင်ခံစာများ၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်၏ အစီရင်ခံစာ၊ ယုဒသန် တက္ကသိုလ် ဖြစ်မြောက်ရေး ဗဟိုကော်မတီ အစီရင်ခံစာ၊ ဝန်ထမ်း ရေးရာ ကော်မတီ အစီရင်ခံစာ၊ အသင်းချုပ် အဖွဲ့ဝင် နယ်အဖွဲ့အသစ်များ စီစစ် လက်ခံရေး အစီရင်ခံစာ၊ ကိုယ်စားလှယ် စေလွှတ်ရေး အစီရင်ခံစာများကို တာဝန်ရှိသူများက တင်ပြခဲ့ကြပါသည်။

(၁၈၅)ကြိမ်မြောက် အမှုဆောင်အဖွဲ့ အစည်းအဝေးမှ နှစ်ခြင်းအသင်းချုပ် ပြတိုက်တည်ဆောက်ရေး စီမံကိန်းအတွက် ဝန်ထမ်းအဖြစ် ဆရာမန်းဂီးဒီယံ နှင့် ယုဒသန်တက္ကသိုလ် တည်ဆောက်ရေး စီမံကိန်း၏ ညှိနှိုင်းရေးမှူးအဖြစ်  ဆရာမ ဟောက်နွမ်းဝုန်ကို (၂၀၂၃-၂၀၂၆) သုံးနှစ် သက်တမ်းအတွက် ခန့်ထားပါသည်။

နောက်တစ်ကြိမ်ကျင်းပမည့် နှစ်ခြင်းအသင်းချုပ် (၁၈၆)ကြိမ်‌မြောက် အမှုဆောင်အဖွဲ့အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလဒုတိယပတ်တွင် နှစ်ခြင်းအသင်းချုပ်၊ ကူရှင်ခန်းမ၌လည်းကောင်း၊ အုပ်ချုပ်စီမံရေးအဖွဲ့ အစည်းအဝေး (၂၀၂၃ခုနှစ်)ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် သိန္နီမြို့နယ်၊ ပိန်းဆာ၊ နာဇရက်အသင်း တော်၌ “တည်ကြည် ခိုင်ခံ့သောအသင်းတော်” (ထွက်၊ ၁၄း၁၃။ ‌ယောရှု၊ ၂၄း၁၄။ ဗျာဒိတ်၊ ၂း၁၀-ခ။ မဿဲ၊ ၁၆း၈) အဓိကအချက်ဖြင့် လည်း ကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ သည်။

အစည်းအဝေးကာလအတွင်း အဖွဲ့ချုပ် အတွင်းရေးမှူးများနှင့် ကိုယ်စားလှယ်များသည် အသင်းချုပ်ဝင်း အတွင်း ဘောလုံး ကွင်းပတ်လည် လမ်းပြုပြင် ဖောက်လုပ်ခြင်းနှင့် ယုဒသန် အောက်မေ့ဖွယ်ရာ ခြောက်ထပ် အဆောက်အဦးကို လှည့်လည် ကြည့်ရှုခြင်း၊ ဖူဆယ်ဘောလုံးကစားခြင်းတို့ဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပါသည်။

နှစ်ခြင်းအသင်းချုပ်သည်  (၂၀၂၂-၂၀၂၄) ခုနှစ် သုံးနှစ်တာကာလအတွင်း ဦးစားပေးလုပ်ငန်းများအဖြစ် ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ခြင်း၊ စည်းမျဥ်း စည်းကမ်း ပြင်ဆင်ခြင်းနှင့် ယုဒသန် တက္ကသိုလ် တည်ဆောက်ခြင်း များကိုလည်း ဆောင် ရွက်လျက် ရှိပြီး၊  နှစ်ခြင်းအသင်းချုပ် နှစ်(၂၀၀)ပြည့်အထိမ်းအမှတ် ယုဒသန်အောက်မေ့ ဖွယ်ရာ အဆောက်အဦးဖြစ် သည့် ခြောက်ထပ်ဆောင်သည်လည်း ၂၀၂၃ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် စာချုပ် ပြည့်သွားပြီဖြစ်ရာ၊ ထပ်မံငှားရမ်း ခြင်းမပြုတော့ဘဲ သာသနာ့လုပ်ငန်းများအတွက်သာ အသုံးပြုလုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိ‌သောကြောင့် ယုံကြည် သူများအားလုံး ဆုတောင်းသတိရခြင်း၊ ပေးလှူခြင်းတို့ဖြင့် ပါဝင်ကြဖို့ရန် လည်း မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော် အပ် ပါသည်။

 

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်